Life 360 အသုံးပြုနည်း May 19, 2020 Posted by Nay Paing gps, Spy ယခင်postမှာ Life 360 Down နည်း ပြောပြခဲဲ့ ပြီးဖြစ်ပါတယ် အခု ဘယ်လို သုံးရမလဲဆိုတာ ဆက်လက် လေ့လာရအောင် ၁။ Get Started ကို နှိပ်ပြီး အကောင့်ဖွင့်ပါ။ ဖုန်းနံပါတ် နာမည် Email နဲ့ Password တွေကို ရိုက်ထည့်ပေးရပါမယ် သတိပြုရန်မှာ ဖုန်းနှစ်လုံးဟာ မတူညီသော ဖုန်းနံပါတ် နှစ်ခု ဖြစ်ရမှာ ဖြစ်ပါတယ်။ ၂။ App ကို ဝင်လိုက်ရင် Family circle တစ်ခု Auto ပေါ်နေမှာ ဖြစ်ပါတယ် နောက်ထပ် Circle တစ်ခု ဖန်တီးချင်ရင် (ဥပမာ – Myboyfri) app အပေါ်က မြှားကို ဆွဲ ချပြီး Create a circle ကိုနှိပ်ပါ။ နာမည်ရွေးပြီး အပေါင်းကို နှိပ်ရင် Circle ဖန်တီးမှု ပြီးစည်းပါပြီ။ ၃။ Member အသစ်ကို ထည့်ရန် အလယ်အောက်တည့်တည့်က အပေါင်းကို နှိပ်ပြီး Invite ကိုနှိပ်ပါ။ ဒါမှ မဟုတ် အပေါင်းအပေါ်က _ လေးကို ဆွဲတင်ပြီး Invite a New Number ကို နှိပ်လည်း ရပါတယ်။ ၄။ ကုဒ်လေးကို မှတ်ထားပါ။ Track လုပ်ချင်သော သူရဲ့ဖုန်းကို Application ကို ယခင်က ပြထားသလိို install လုပ်ပြီး အကောင့်ဖွင့်ပါ။ အကောင့်ဖွင့်ပြီးပါက App အပေါ်ကို ဆွဲချပြီး join a circle ကိုနှိပ်ပါ။ ၅။ ခုနက ကူးယူထားသော Code ကို ရိုက်ထည့်လိုက်ရင် ဘယ်နေရာ ဘယ်သူသွားလည်းဆိုတာကို အပြန်အလှန် သိနိုင်ပြီ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေ ခင်ဗျ။ တူတူကြည့်နေသူ: 482 482 ဦး Tags: GosLife360 Share 1