Google Unlimited Storage တွေက စိတ်ချရပါ့မလား? January 2, 2021 Posted by Yu Knowledge, Technology Google Unlimited Storage တွေက စိတ်ချရပါ့မလား?Google Unlimited ရောင်းနေတဲ့အထဲမှာ Mydrive နဲ. ShareDrive ဆိုပြီး နှစ်မျိုးရှိပါတယ်။Share Drive ဆိုတာ Mydrive Unlimited အကောင့်ရှိသူက လုပ်ဆောင်ပေးလို.ရတဲ့ Unlimited Share Drive မျိုးပါ။Share Drive မှာ Manager ဆိုပေမဲ့ Manager ရဲ. အထက်မှာ Owner တစ်ခု ကျန်ပါတယ်။ဒါကြောင့် Share Drive Manager ကို အချိန်မရွှေး Mydrive Owner က ဖြုတ်နိုင်ပါတယ်။Share Drive Unlimited ကို ဝယ်ထားတာဖြစ်စေ၊ အခမဲ့ရယူထားတာ ဖြစ်စေ၊ အရေးကြီးဒေတာများကို သိမ်းဖို. မဖြစ်နိုင်ပါ။ Owner အနေနဲ. ကိုယ့်ရဲ. ဒေတာကို အချိန်မရွေး ဝင်ကြည့်နိုင်ပြီး ကိုယ့်ကို ဖြုတ်သွားလို. ရပါတယ်။ကိုယ့်ကို manager ရာထူးကို မဖြုတ်တာတောင်မှ Owner အနေနဲ. Daily Limit ကို ကန်.သတ်လိုက်လို. ရပါတယ်။ စိတ်ချရတဲ့ ကျောင်း Share Drive တွေဆိုရင် Data Transfer နည်းနည်းသာ ပေးထားတာပါ။Mydrive Unlimited ဆိုတာက Business suite (အခု Google Workplace) ကို 5 ယောက်စာအထက် ဝယ်ထားသူတွေ (သို.) nonprofit နဲ. အမေရိကန်ကျောင်းတွေကို Unlimited ပေးထားတာ ဖြစ်ပါတယ်။စိတ်ချရလားဆိုတော့ သူလည်း စိတ်မချရပါဘူး။ ကျောင်းသားအကောင့်လျှောက်ပြီး Unlimited Mydrive ရယူမယ်ဆိုရင် ကျောင်းတက်ဖို. ငွေမသွင်းတာ သိတာနဲ. ကျောင်းက ပြန်ဖျက်ပါလိမ့်မယ်။ နောက်ပြီး တချို. ကျောင်းတွေဆိုရင် ကျောင်းအတွင်းကိုသာ မျှဝေခွင့်ပေးထားတာ ဖြစ်ပြီး အပြင် Gmail နဲ. တခြား Mail တွေနဲ. ချိတ်ဆက် မျှဝေခွင့်မပြုပါ။Google ကနေ တရားဝင်ဝယ်ပြီးရောင်းနေတဲ့ Mydrive Unlimited တွေဆိုရင် ဝယ်ထားတဲ့ Owner က နောက်ထပ် ငွေမသွင်းနိုင်တာနဲ. (တစ်လ ဒေါ်လာ ၆၀ ကျော်) ထို Owner ရဲ. mydrive unlimited အကောင့်အားလုံး ပျက်သွားမှာ ဖြစ်ပါတယ်။ဥပမာ ပြောရရင် MLM ပုံစံပါ။ အောက်က Member ဆက်တိုးနေသ၍ Unlimited Mydrive ဟာ အသက်ဆက်ရှင်နေမှာ ဖြစ်ပြီး၊ Member ထပ်မတိုးတော့ရင်၊ ဒါမှ မဟုတ် Domain ဝယ်ထားတဲ့ Owner က ထွက်ပြေးသွားရင် အကုန်ပျက်မှာ ဖြစ်ပါတယ်။ခြုံပြောရမယ်ဆိုရင် Mydrive နဲ. Share Unlimited အကောင့်အားလုံးဟာ စိတ်မချရပါဘူး။ Mydrive ကတော့ Privacy လုံခြုံပါတယ်။ ဒါပေမဲ့ ပျက်နိုင်ပါတယ်။၁။အရေးကြီးဒေတာများကို Unlimited Drive တွေထဲ လုံးဝမသိမ်းပါနဲ.၊၂။Privacy အထိအခိုက်မခံတဲ့ ဒေတာများကို Mydrive မှာပဲသိမ်းပါ။ (မှတ်ချက် = ပျက်ရင် အားလုံးတူတူပျက်မှာပါ။)၃။အရေးမကြီးတဲ့ ဒေတာများကို သိမ်းထားမယ်ဆိုရင် နာမည်မတူတဲ့ Unlimited နှစ်ခုမှာ ခွဲသိမ်းပါ။ ဥပမာ – မတူညီတဲ့ ကျောင်းနှစ်ကျောင်း။အဆုံးထိ ဖတ်ပေးလို.ကျေးဇူးတင်ပါတယ်ခဗျ။တူတူကြည့်နေသူ: 600 600 ဦး Tags: Google driveHow to buyစိတ်ချရဘယ်လို ဝယ် Share 32