Google Acount လုံခြုံရေးအတွက် 2 steps ခံခြင်း May 22, 2023 Posted by Nay Paing Security 2 steps မခံထားပါက gmail pw သိရုံနဲ့ log in ဝင်ပြီး ကိုယ့်အကောင့် အကုန်ပါသွားနိုင်ပါတယ် ပထမဆုံး gmail ကိုဖွင့်ပါ ညာအပေါ်ထောင့်က လူပုံကို နှိပ်ပါ Manage Google Account ကိုနှိပ်ပါ security tab ကို သွားပါ 2 steps verification ကို အစမ်းဖြစ်အောင်လုပ်ပါ ၁။ phone ဖြင့် 2 steps ခံခြင်း အားသာချက် ဖုန်းပျောက်သွားတာတောင်မှ operator ဆီသွားပြီး ကဒ်ပြန်လျောက်လို့ ရပါတယ်။ အားနည်းချက် တစ်ခါတစ်ရံ ကုဒ် မကျပါ ၂။ Google Authenticator အားသာချက် ဖုန်းရှိသ၍ အချိန်စောင့်စရာ မလိုပါ အားနည်းချက် ဖုန်းပျောက် (or) ဖုန်း ပူပြီး reset ကျသွားရင် ကုဒ်ပြန်မရနိုင်တော့ပါ solution တခြားဖုန်းတစ်လုံးဆီ back up လုပ်ထားပါ ၃။ back up code အားသာချက် ကုဒ်က ခဏခဏ မပြောင်းပါ။ ကုဒ် ၁၀ခု ပေးထားပြီး တစ်ခုကို တစ်ခါပဲ သုံးလို့ ရပါတယ် အားနည်းချက် ကုဒ် မပြောင်းတာကြောင့် တခြားသူက လွယ်လွယ်ကူကူ ရသွားနိုင်ပါတယ် solution လုံခြုံရတဲ့ pw app ထဲသိမ်းထားပါ။ ဥပမာ color note ထဲ မှတ်ထားတဲ့ note ကို pw ထပ်ခတ်ခြင်း ဒါမှမဟုတ် စာအုပ်မှာ မှတ်ထားပြီး မီးခံသေတ္တာထဲ ထည့်ပါ။ တူတူကြည့်နေသူ: 310 310 ဦး Tags: gmail securityအဝါပေါ် Share 3