Usdt ဆိုတာဘာလည်း (stable coin) June 4, 2021 Posted by Nay Paing Cryto Usdt ဆိုတာ tether ကုမ္ပဏီက ထုတ်တဲ့ usd coin ဖြစ်ပါတယ်။ Bitcoin နဲ့ တခြား coin တွေရောင်းဝယ်ကြရာမှာ လွယ်ကူစေဖို့ usd coin ကို ကုမ္ပဏီတွေက ထွင်ကြတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် crytocurrency ကို ရောင်းဝယ်ကြရာမှာ usd ကို အသုံးပြုပါတယ်။ transition တိုင်းအတွက် 2% ပေးကြရပါတယ်။ ရောင်းရင် 2% ဝယ်ရင် 2% စျေးတက်ရင်ရောင်း၊ စျေးကျရင် ဝယ်ကြမယ့် ဝယ်ရောင်းသမားများအတွက် မကိုက်ပါ။ ထိုကြောင့် usd coin တွေပေါ်လာရခြင်းဖြစ်ပါတယ်။ Usd coin ကိုတစ်နည်းအားဖြင့် stable coin လို့ခေါ်ပါတယ်။ Stable coin တွေဟာ usd နဲ့ ချိတ်ထားပါတယ်လို့ ပြောကြပါတယ်။ တကယ်၍ usdt အား tether ကုမ္ပဏီကို ပြန်ရောင်းရင် Tether က ကိုယ့်ကို usd ပြန်ပေးမှာပါ။ ဒါပေမဲ့ usd coin ထုတ်တဲ့ ကုမ္ပဏီတိုင်းဟာ usd coin တွေအကုန်လှဲပေးမယ့် usd ပမာဏ မရှိကြပါဘူး။ မြန်မာနိုင်ငံဘဏ်တွေလိုပါပဲ့၊ စာရွက်မှာသာ ရှိပြီး တကယ်တမ်း လူအားလုံးစုပြုံရောင်းကြမယ်ဆိုရင် ပေးစရာ usd မရှ်ိပါ။ စုပြုံံဝယ်မယ်ဆိုရင်တော့ ထုတ်ပေးစရာ coin ရှိပါတယ် Coin ဆိုတာ Digital money လို့သတ်မှတ်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။ Usdt က ယုံကြည်ရသလားဆိုရင် မြန်မာနိုင်ငံဘဏ်တွေလိုပဲ့ ယုံကြည်ရပါတယ်။ ကုမ္ပဏီရဲ့ သတင်းဆိုးတွေ မထွက်လာတဲ့အထိပေါ့။ Usdt အတိုးရလို့ ဝယ်ချင်သူတိုင်းကို ပြောပြနိုင်တာက usd တိုင်းက usdt ပါ။ usdt တိုင်းကတော့ usd မဟုတ်ပါဘူး။ လူတွေက usdt ကို usd လို့သတ်မှတ်နေသမျှ usd ဖြစ်နေမှာ ဖြစ်ပြီး။ Tether ကုမ္ပဏီ ကိုအစိုးရက ကန့်သတ်လိုက်တဲ့အခါ Tether သတင်းဆိုးတွေ ထွက်လာတဲ့အခါ Tether ကို လူတွေ မယုံတော့တဲ့အခါ Tether ထက် ယုံလို့ရတဲ့ stable coin ထွက်လာတဲ့အခါ (ဥပ မာ – libra) Usdt တိုင်းဟာ usd မဟုတ်တော့ပါဘူး တူတူကြည့်နေသူ: 371 371 ဦး Tags: Cryto myanmarStable coinUsdt Share 9